Thursday 19 August 2021

AA trying to get Muslims involved in the administration

Source RFA, 16 Aug
unlike Suu Kyi, AA upholds people based- 'rule of law' despite ULA and most Rakhine politicians have different views on Rohingya. (that is why AA trying to get Muslims involved in the administration)
မွတ်စလင်တွေ အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်လာဖို့  အေအေ ကြိုးပမ်းနေရက္ခိုင့်တပ်တော် (AA/ULA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ၂၀၁၉ ဧပြီ ၁၄ ရက်နေ့က ဝပြည် နှစ် ၃ဝ ပြည့် အခမ်းအနားမှာ တွေ့ရစဉ်
 Photo: RFA

ရခိုင်ပြည်နယ်မှာ ဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ မွတ်စလင်အသိုင်းအဝိုင်းကို ရက္ခိုင့်တပ်တော် (AA/ULA) ရဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်လာဖို့ကြိုးပမ်းနေကြောင်း အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သြဂုတ်လ ၁၅ ရက် မနေ့က ပြောလိုက်ပါတယ်။

အာရက္ခမီဒီယာနဲ့ သီးသန့်ဆက်သွယ်မေးမြန်းခန်းမှာ ရက္ခိုင့်တပ်တော် (AA/ULA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က အခုလို ပြောဆိုခဲ့တာပါ။

"သူတို့ကို ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးကဏ္ဍနဲ့ ရဲလုပ်ငန်းကဏ္ဍတွေမှာ ပါဝင်လာဖို့ မှန်းထားပါတယ်။ ပြီးတော့ အုပ်ချုပ်ရေးဆိုင်ရာ ရုံးလုပ်ငန်းတွေ၊ စီမံအုပ်ချုပ်ရေး နည်းလမ်းတွေ၊ ပြီးတော့ ဥပဒေဆိုင်ရာ သင်တန်းတွေ ခေါ်ပြီးပေးဖို့ ကျွန်တော်တို့ စီစဉ်နေကြပါတယ်။ ဒီဟာတွေကတော့ တဆင့်ပြီးတဆင့် လုပ်သွားရမှာပါ။ သင်တန်းတွေမှာလည်း သူတို့ကိုခေါ်ပြီးပေးဖို့ ကြိုးစားနေကြပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ကိုဗစ်ရောဂါတွေနဲ့ ကျွန်တော်တို့မှာလည်း အခက်အခဲတွေရှိနေတဲ့အတွက် ကြန့်ကြာမှုတွေ ရှိနေတာပါ"

ရခိုင်နဲ့ မွတ်စလင် အသိုင်းအဝိုင်းကြား အခြေအနေတွေနဲ့ပတ်သက်လို့ ပြည်ပမှာနေထိုင်တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဒေသမှာရှိနေတဲ့ အခြေအနေမှန်ကို မစူးစမ်းဘဲ ခံစားချက်တွေအပေါ် မူတည်ပြီး လှုံ့ဆော် နေတာတွေဟာ နှစ်ဖက်ယုံကြည်မှုနဲ့ သင့်မြတ်ရေးကို အတားအဆီးတွေဖြစ်စေတယ်လို့လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့တော်လှန်ရေးကဏ္ဍဟာ အခုအချိန်မှာ ၇၅ ရာခိုင်နှုန်းအထိ ခရီးရောက်နေပြီလို့လည်း ဆိုပါတယ်။

ရခိုင်ဒေသမှာ လွန်ခဲ့တဲ့ အချိန်ခြောက်လလောက်ကနေစလို့ ဥပဒေအတိုင်ပင်ခံတွေနဲ့ တရားစီရင်ရေးကဏ္ဍကို ဆောင်ရွက်နေသလို အဂတိတရားကင်းစင်ဖို့အတွက် တရားသူကြီးတွေကို မကြာခင်လစာပေးဖို့ ဆောင်ရွက် နေတယ်လို့လည်း ပြောပါတယ်။

တရားစီရင်ရေးအပိုင်းမှာ ရပ်ကျေးအဆင့်တရားရုံး၊ စစ်ဒေသအဆင့် တရားရုံးနဲ့ ဗဟိုတရားရုံးဆိုပြီး အဆင့်တွေ ခွဲထားပြီးတော့ ရပ်ကျေးအဆင့်အတွက် အုပ်ချုပ်ရေးမှူးတွေကိုလည်း ဥပဒေသင်တန်းတွေ ပေးထားပြီးဖြစ် တယ်လို့လည်း ဆိုပါတယ်။

တရားစီရင်ရေးအတွက် ဗြိတိသျှဘုံဥပဒေကိုအခြေခံပြီး ဆောင်ရွက်တာလို့လည်း ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ အလျှော့အတင်းလုပ်တာ မရှိသလို နောင်လည်းရှိမှာ မဟုတ်ကြောင်း၊ အခု စစ်ကောင်စီနဲ့ ယာယီအပစ်အခတ် ရပ်စဲထားတာကလွဲလို့ တစ်စုံတစ်ရာ နိုင်ငံရေးအရ အပေးအယူ၊ ကတိကဝတ် စာချုပ်စာတမ်းတွေ ဒီနေ့အထိ မရှိသေးကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်တို့အကြား ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အပြန်အလှန် လွှတ်ပေး တာက အွန်လိုင်းစနစ်နဲ့ အလွတ်သဘော အပြန်အလှန်ဆွေးနွေးရာမှာ ဥပဒေကြောင်းအရ မခိုင်လုံဘဲ ထောင် ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးမယ်ဆိုရင် အခုယုံကြည်မှုတည်ဆောက်ဆဲကာလမှာ အလားအလာတွေ ပိုကောင်းနိုင်ကြောင်းပြောလို့ နားလည်မှုနဲ့ လွှတ်ပေးခြင်းသာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့လိုလားပေမယ့် တခြား တစ်ဘက်ကတော့ စစ်ရေးအရ ရန်လိုမှုတွေကို ပြတာတွေရှိသလို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်း တွေကိုလည်း လက်မခံဘဲ ကန့်ကွက်တာတွေကို အခါခါကြုံနေရတယ်လို့ ပြောပါတယ်။

အခုလိုမျိုး ကပ်ဘေးကာလ၊ မိုးတွင်းပြည်သူတွေ စားဝတ်နေရေး အခက်အခဲတွေများတဲ့ ကာလမှာတော့ စစ်ရေးအရ ပြသနာတွေ မတက်လာအောင် ရှောင်ရှားဖို့ တပ်မှူးတွေကိုတော့ ညွှန်ကြားထားပေမယ့် သည်းခံ နိုင်တဲ့အတိုင်းအတာက အကန့်အသတ်ရှိကြောင်း၊ တတ်နိုင်သမျှ ရှောင်ရှားမှာဖြစ်ပေမယ့် စစ်ရေးအရ လိုအပ်ရင်လိုအပ်သလို စဉ်းစားသွားမယ်လို့လည်း ရက္ခိုင့်တပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။

No comments:

Post a Comment

Your comment will be approved soon and your email will not be published.. thanks..