Wednesday 8 January 2014

Sayar U Aye Lwin Meets Burmese Community and Interfaith Religious Groups in Australia

ဇန်န၀ါရီ ၆၊ ၂၀၁၄
M-Media
စုစည်းတင်ပြသူ – သိန်းမိုးဝင်း (Sydney)

Australia နိုင်ငံမှ မြန်မာမိသားစုဝင်များ ကြီးမှုးပြီး "ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲ နေထိုင်ရေးနှင့် တရားဥပဒေ စိုးမိုးမှု အရေးကြီးပုံ" ဆွေးနွေးဖလှယ်မှု အစီအစဉ်ကို ၂၀၁၃-ခု ဒီဇင်ဘာ ၁၄-ရက်နေ့မှ ၁၉-ရက်နေ့အထိ ဆစ်ဒနီမြို့တွင် ကျင်းပခဲ့ရာ အလ်ဟာ၈်ျ ဆရာ ဦးအေးလွင် (အစ္စလာမ့် ဓမ္မဗိမ္မာန်) တက်ရောက်ဆွေးနွေးခဲ့ပါသည်။

2

ဆရာ အလ်ဟာဂ်ျ ဦးအေးလွင်၏ ဆစ်ဒနီမြို့ Australia နိုင်ငံသို့ရောက်ရှိစဉ် မြန်မာမွတ်စလင် မိသားစုဝင်များနှင့် တွေ့ဆုံ၍ ဘာသာလူမျိုးမခွဲခြား ရင်းနှီးချစ်ခင်စွာ အတူယှဉ်တွဲနိုင်ရေးကြိုးပမ်းနေမှုများအားရှင်းလင်းတင်ပြပြီး မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင် မိသားစုများမှလဲ မြန်မာ၌ဖြစ်ပေါ် လျက် ရှိသော ဘာသာရေး၊ လူမျိုးရေးဆန်ဆန်  ပဋိပက္ခများအတွက် အထူးပဲ စိုးရိမ်ပူပန်နေမိကြကြောင်း၊ တိုင်းပြည်သာယာဝပြောရေး-ပြည်သူအားလုံး မခွဲခြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး-တရားဥပဒေ စိုးမိုးရေးတို့မှာ Interconnected ဖြစ်နေကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီပေါ်မှာ အခြေခံသည့် ငြိမ်းချမ်းမှုမျိုး မြန်မာပြည်သူပြည်သား အားလုံး  အမြန်ဆုံး ခံစား စံစားနိုင်စေဖို့ ဆုမွန်ကောင်းတောင်းကြကြောင်း များဆွေးနွေးခဲ့ကြသည်။

Sydney မြို့တွင် ဆရာဦးအေးလွင်နှင့် မြန်မာပြည်ဖွား မိသားစုဝင်များ (ဗုဒ္ဓဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်၊ ခရစ်ယာန် ဘာသာဝင် နှင့် ဟိန္ဒူဘာသာဝင်) ရပ်မိရပ်ဖများ နှင့် တွေ့ဆုံရာတွင်လည်း ဆရာဦးအေးလွင်မှ ရှင်းလင်းပြောကြားခဲ့ရာတွင် ယခုလက်ရှိ (Religions for Peace) မှ သီတဂူဆရာတော် ဘုရားကြီး အပါအ၀င် ဆရာ ဦးအေးလွင်နှင့် ဘာသာပေါင်းစုံမှ ဆရာတော်ကြီးများပူးပေါင်း၍ ချစ်ကြည်ရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်နေကြောင်း၊ RfP ၏ ရည်မှန်းချက်သည် ဘာသာမတူ အယူအဆ မတူသူများအကြား Engage လုပ်ပေးခြင်းဖြင့် မသမာသူများ၏ သွေးထိုး ခြေထိုး မဟုတ်သွေးထိုး နေမှုများမှေးမှိန်ကာ အမှန်တရားဖြင့် ရှင်းလင်းဖလှယ်နိုင်မှုများ တိုးပွားလာမည်ဖြစ်သည့်အပြင် မတူလက်များ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လာနိုင်ရန် ရည်ရွယ်ကြိုးစားနေကြကြောင်း၊ မြန်မာပြည်တွင်း၌ပြည်သူများအား ထင်ရောင်ထင်မှားဖြစ်စေရန် ၀ါဒဖြန့်နေမှုများ (ဥပမာ – Islamization သြဇာလွှမ်းအောင် ဓားမိုးပြီးသာသနာပြုခြင်း၊ သားဖောက် သာသနာပြုခြင်း၊ အိမ်ထောင်ပြုပြီး သာသနာပြုခြင်း၊ ငွေပေး စည်းရုံးခြင်း၊  သွေးဆောင် ဖျားယောင်းခြင်းများပြုလုပ်နေသည်ဟု စွပ်စွဲ ၀ါဒဖြန့်နေမှုများ) ရှိကြောင်း၊ အစ္စလာမ်ဘာသာ ကိုးကွယ်နေသူများအား အန္တရာယ် သဖွယ် ပုံဖော်ကာ ပတ်ဝန်းကျင်နိုင်ငံများပင်လျှင် ဒီအစ္စလာမ်ကြောင့် တစ်ခုပြီးတစ်ခု ကျဆုံးနေပြီ စသဖြင့် မှိုင်းတိုက်နေခြင်းများသည် အလွန်ပင် မှားယွင်းကြောင်း၊Islam သည် ငြိမ်းချမ်းရေးဟု အမည်ရပြီး အတင်းအဓမ္မ မလျှော် သြဇာသုံး လောကီ လာဘ်လာဘပေး သွေးဆောင် ဖျားယောင်းခြင်းမျိုးကို အစ္စလာမ့် တရားတော်အရ ခွင့်မပြုထားကြောင်း၊ Social Dispute ကို ဘာသားရေး စနက်တံ အဖြစ်ပုံဖော်ကာ မတည်ငြိမ်အောင် ဖန်တီးနေခြင်းများသာဖြစ်ကြောင်း၊ Crime ကို ကျူးလွန်သူ မည်သူမဆို ထိုသူဟာ ဘာသာ သာသနာရဲ့ ဆုံးမမှုအောက်က သွေဖည်သွားသူဖြစ်၍ ဘာသာရေးနှင့် ဘာမှ မပတ်သက်သော Criminal ၏လုပ်ရပ် အဖြစ် သာမြင်ရန် လိုအပ်ကြောင်း (၀ါဒ နှင့် ၀ါဒီ) ကို ခွဲမြင်ရန် လိုအပ်ကြောင်း၊ ၀ံသာနု ရက္ခိတ တရားသည် အင်မတန် မွန်မြတ်ပြီး ဆရာကြီးဦးရာဇတ်မှ ဤ ၀ံသာနုရက္ခိတ စိတ်ဓာတ် (တို့ဟာမြန်မာတွေ တို့မြန်မာပြည် မြန်မာ လူမျိုးကိုချစ်ရမည်) ဟု ကြွေးကြော်ခဲ့သလို မန္တလေးမြို့ခံ သံဃာတော်များ၏ ထောက်ခံမှုကို လဲရခဲ့ကြောင်း၊ သို့သော် ဤ၀ံသာနုရက္ခိတ တရားကို အတိုင်းအတာ တစ်ခုထက် ကျော်လွန်ကာ တလွဲအသုံးချပြီး ကိုယ့်အမျိုးကိုယ် ချစ်ခြင်းဖြင့် သူတစ်ပါး မုန်းခြင်းမျိုး (ငါနဲ့မတူ ငါ့ရန်သူဟု) မဖြစ်သင့်သည့် အပြင်၊ ဗုဒ္ဓဟောကြားခဲ့သည့် "ညာနတ္တစရိယ၊ လောကတ္တစရိယ" တရားထုံး နှလုံးမူသင့်ကြောင်း၊ မြန်မာပြည်၌ ဘယ်ဘာသာသာသနာမှ စတင်ပွင့်ပေါ်ခဲ့ခြင်းမျိုး မရှိခဲ့ပါ။ သို့သော် ထေရ၀ါဒ ဗုဒ္ဓဘာသာကို လူများစု ကိုးကွယ်ပြီး ကမ္ဘာပေါ်၌ ထွန်းကားနေသည့် ဘာသာသာသနာများ မြန်မာပြည်တွင် ကျင့်သုံး နေထိုင်နေကြသဖြင့် မြန်မာရဲ့  အလှဟာ Diversity အဖြစ်ရှိနေခဲ့ပါကြောင်းတို့ကို ဆွေးနွေးခဲ့သည်။

1

ထို့နောက် အစ္စလာမ်ဘာသာ မြန်မာပြည်ကိုရောက်တာ ဆရာကြီး ဗိုလ်မှူးဘရှင်တို့လို မြန်မာ့သမိုင်း ကမ္ဘာ့သမိုင်း ပညာရှင်ကြီးများ၏ တင်ပြချက်များ အရ နှစ်ပေါင်း(၁၂၀၀) ကျော်ခဲ့ပြီး၊ ပုဂံခေတ် အနော်ရထာ မထူထောင်ခင် မင်း (၁၂) ဆက်အရင် ပိတ်သုဉ်မင်း လက်ထက်ထဲကဖြစ်ကြောင်း၊ အင်္ဂလိပ်မြန်မာ စစ်ပွဲများအပြီး မြန်မာဟာ အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် ဗြိတိသျှတို့ သတ်မှတ်လိုက်သည့် အတွက် မြန်မာဟာ ကျွန်အောက်က သဘောက်ဖြစ်ခဲ့ရပြီးနောက် နယ်စီးမခြား ကူးသန်း သွားလာမှုများလည်း ရှိခဲ့သည့် အတွက် မြောက်များစွာသော ဘာသာစုံ လူမျိုးစုံ ၀င်ထွက်မှုရှိခဲ့ကြောင်း၊ မြန်မာပြည်ဟာ ပန်းတွေ အလုံးစုံနဲ့ အင်မတန်လှတဲ့ ဥယျာဉ်သဖွယ်ပါ။ ပန်းတစ်ပွင့်ထဲ ရှိချင်လို့ မတူကွဲပြားတဲ့ တစ်ခြားပန်းတွေကို Bulldozer နဲ့ ထိုးပြီးတော့ တစ်မျိုးထဲ ရှိရမယ်ဆိုရင် ပန်းတစ်ပွင့်ထဲလှချင်တော့လှမယ် သို့သော် အလှကတော့ မဆုံနိုင်ဘူး။ အလှဆိုတာ မတူကွဲပြားမှုများကြောင့် ရှိနေတာဖြစ်ကြောင်း၊ ပညက်တော် ၁၀ ပါးထဲက ၂ပါးလောက်ကို နိုင်အောင်ကျင့်ပြီဆိုရင်၊ ကံ ၅ပါးကို လုံအောင် ကျင့်နိုင်ပြီဆိုရင် ပဋိပက္ခတွေ တော်တော် ငြိမ်းသွားမည်။ Buddhism မှာ လူကိုကြည့်ရင် "ရုပ် နဲ့ နာမ်" ကိုသာ ရှုရမည်ဖြစ်ပြီး အသားအယောင်၊ကျား/မ စသဖြင့်ခွဲခြားမရှုရ။ Buddhism အရ တရုတ်၊ ကုလား၊ဗမာ၊ စသဖြင့် ခွဲခြားမှု မပြုပဲ ကောင်းသောသူ နှင့် ဆိုးသောသူဟူ၍ သာ ရှုမြင်ရန်ဖော်ပြ ထားကြောင်း၊ သို့ပါ၍ ဤ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆောင်ရွက်နေသော ဆရာတော်ကြီးများသည် မိမိတို့ ဘာသာအတွင်း၌ Intra-faith  (မိမိဘာသာရဲ့ သွန်သင် ဆုံးမမှု)ကိုနားလည် သဘောပေါက်စေရန် ရှင်းပြနေကြသလို Inter-faith (ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီး ဖလှယ်မှု) များလည်းဆောင်ရွက်နေ ပါကြောင်း ရှင်းလင်းတင်ပြသွားသည်။

3

ဤအစီအစဉ်တွင် မြန်မာပြည်ဖွား ရပ်မိရပ်ဖများထဲမှလည်း ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ရေးကို မြန်မာပြည်မှ သီတဂူ ဆရာတော် ဘုရားကြီး အပါအ၀င် ဆရာဦးအေးလွင်နှင့် ဘာသာပေါင်းစုံမှ ဆရာတော်ကြီးများ ပူးပေါင်း၍ ကြိုးစားဆောင်ရွက်နေခြင်းများအပေါ် အထူးပဲ လေးစား ဂုဏ်ယူမိကြကြောင်း၊ ရှေးယခင်ကတည်းက အေးအတူပူအမျှ အတူ ယှဉ်တွဲနေထိုင်လာခဲ့ကြသော ဤတိုင်းရင်းသား မြန်မာလူမျိုးများ အချင်းချင်း ဘာသာမတူ ကိုးကွယ်မှု အပေါ် စိတ်ဝမ်းကွဲမှုများမှ အဓိကရုဏ်းများဖြစ်လာရသည် အထိ ဆိုးရွားလာမှုအပေါ် ဆစ်ဒနီမြို့ရှိ မြန်မာ မိသားစုဝင်များမှ အထူးပဲ စိုးရိမ် ပူပန်နေကြကြောင်း၊ Australia နိုင်ငံတွင် Multicultural Societies တွေစုပေါင်းပြိး ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ရခြင်းမှာ Rule of Law ဟူသော တရားဥပဒေ စိုးမိုးမှု ခိုင်မာခြင်းကြောင့် ဖြစ်၍ မြန်မာနိုင်ငံတွင် တရား ဥပဒေစိုးမိုးမှုသည် Peaceful Coexistence အတွက် အဓိကအခန်းကဏ္ဍ တစ်ရပ်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို လိုလားသော လူအဖွဲ့အစည်းများမှ တစ်ဖက်က ပြည်သူတွေ အကြား ကြိုးစားဆောင်ရွက်နေစဉ်မှာ မြန်မာပြည်မှ နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့်လဲ တရားဥပဒေစိုးမိုးမှုကို အခြေအနေအချိန်အခါ အလိုက် ခွဲခြားမှုမျိုးမဟုတ်ပဲ တရားမျှတစွာ ထိထိရောက်ရောက်ဖော်ဆောင်သင့်ကြောင်း မြန်မာပြည်သူပြည်သားများ အနေဖြင့်လဲ ဘာသာရေး၊ လူမျိုးရေးဆန်ဆန် ပဋိပက္ခများတွင် အလွယ်တကူ နားယောင်တာမျိုး မဟုတ်ဘဲ အခြေအနေဖြစ်ရိုးဖြစ်စဉ်ကို သေချာလေ့လာ အကဲခတ်သင့်ကြောင်း၊ ယခုလို မတည်ငြိမ်မှုများအား Unholy Allies ဟုခေါ်သည့် မသမာသူ လူတစ်စုမှ အကွက်ကျကျ စီစဉ်ဆောင်ရွက်နေ ဟန်တူကြောင်း၊ ထို ပဋိပက္ခများ အမြန်ဆုံး ရပ်တန့်သွားဖို့ ဘာသာရေး အဖွဲ့အစည်းများ၊လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ နှင့် နိုင်ငံရေးပါတီများ၊ အားလုံးစုပေါင်း၍ ကြိုးစားမှု မပြုပါက တိုင်းပြည် ပျက်သုဉ်း ခေတ်မှောင်မှာ ပြန်ရုန်းရ ကိန်းစိုက်နိုင်ကြောင်းတို့ကို မြန်မာပြည်ဖွား မိသားစုဝင် ရပ်မိရပ်ဖများမှာ ၀ိုင်းဝန်းပြီး အားကြိုး မာန်တက်ဆွေးနွေးခဲ့ကြပါသည်။

၎င်းနောက် ဆရာ အလ်ဟာ၈်ျ ဦးအေးလွင်သည် ဆစ်ဒနီမြို့သို့ရောက်ရှိစဉ် မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတိုက် (Ochardleigh Street, Yennora, New South Wales) သို့  သွားရောက်လည်ပတ်ခြင်း၊မြန်မာခရစ်ယာန် ဘာသာဘုန်းတော်ကြီးများနှင့်လည်း (Carbramatta West Rd, Carbramatta, NSW) ရှိ Church သို့ လေ့လာရေးသွားရောက်လည်ပတ်ခဲ့သည်။

4

မြန်မာ့ Community BCBG Radio, SBS Burmese Radio နှင့် ABC Radio Australia  အစီအစဉ်များနှင့်  အင်တာဗျူးများ ပြုလုပ်ခဲ့စဉ် ဆရာ အလ်ဟာ၈်ျ ဦးအေးလွင်မှ ရှင်းလင်းဆွေးနွေးခဲ့သည်များမှာ ယခင့်ယခင်ကတည်းက မြန်မာ၌ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပုံ၊ အစ္စလာမ်ဘာသာ မြန်မာပြည်သို့ ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ၁၂၀၀ ကျော်ရှိခဲ့ပြီဖြစ်ပြီး မြန်မာပြည်ဖွား အစ္စလာမ် ဘာသာဝင်များဟာ မြန်မာပြည်ကို ချစ်မြတ်နိုး မြန်မာပြည်အတွက် အလုပ်အကျွေးပြုခဲ့ကြပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ခောတ် အဆက်ဆက် ပါဝင်ကြိုးစားခဲ့ပုံ၊ ပန်းဥယျာဉ်တွင် ပန်းမံပေါင်းစုံကြောင့် အလှတင့်သကဲ့သို့ မြန်မာပြည်၌လဲ ဘာသာစုံ လူမျိုးစုံ DiverseCulture ဖြင့်  အလှဂုဏ် မာန်တင့်ခဲ့သော History ရှိခဲ့၍ မတူကွဲပြားမှုများအား Thread ဟုမယူဆပဲ Strength ဟုယူဆကာMulticultural Diversity မှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုသို့ ဖော်ဆောင်သွားသင့်ပုံတို့ကို ဆရာဦးအေးလွင်က ထည့်သွင်းပြောကြားသွားခဲ့ပါသည်။

အင်တာဗျူးများ

BCBG Radio Interview (29th Dec 2013) (မြန်မာ):

မူရင်းလင့်=> http://bcbgsydney.blogspot.com.au/
Download ယူရန် Click Here

SBS Burmese Radio Interview (မြန်မာ):

မူရင်းလင့်=> http://www.sbs.com.au/yourlanguage/burmese/highlight/page/id/307818/t/U-Aye-Lwin-Islamic-leader-and-Religious-for-Peace-Myanmar
Download ယူရန် Click Here

ABC Radio Interview (မြန်မာ):

မူရင်းလင့်=>  http://www.radioaustralia.net.au/burmese/radio/onairhighlights/1238762
Download ယူရန် Click Here

No comments:

Post a Comment

Your comment will be approved soon and your email will not be published.. thanks..